moe bwar

Wednesday, November 11, 2015

ဖုန်းတစ်လုံးနှင့်တစ်လုံးထိန်းချုပ်နည်း နှင့် စော်ဝဲ

download641.mediafire.com/rau7v610qc2g/l8ml5lwrhf0pgmc/Myartko+Orange.trackview.apk
ဖုန်းတစ်​လုံးနဲ့ တစ်​လုံးထိန်းချုပ်​လို့ ရတဲ့ apk



အသုံးပြုပုံက​တော့ ဖုန်းနှစ်​လုံးလုံးInternet
လိုင်းရှိရပါ့မယ်​နှစ်​လုံးလုံးကို gmail တစ်​ခုထဲSing in ဝင်​ထားပါ

 ပြီးရင်​ကိုကြည့်​ချင်​တဲ့ ဖုန်းက​နေအဲဒီမှာ ပါလာတဲ့ cameraနဲ့ ကြည့်​လိုက်​ပါ ကြည့်​လိုက်​ရင်​တစ်​ဖက်​က ဖုန်းကလူ ဘာလုပ်​​နေလည်းဘယ်​သွား​နေလည်း အကုန်​မြင်​ရမှာပါစမ်းကြည့်​ပါ​နော်​ အဆင်​​ပြေပါ​စေ​။



ဒေါင်းနည်း

 "Download "ကိုနိပ်​ပါ။

၅ စက္ကန့်​ညာဖက်​အ​ပေါ်မယ်​ခဏ​စောင့်​ပါ။

ပြီးရင်​ " SKIP AD "ဆိုတဲ့အ၀ါ​လေးနိပ်​လိုက်​ပါ

android အကြောင်းစာအုပ်လေးပါ လွယ်လဲလွယ်တိုလဲတိုပါတယ်

ziifile.com/5qjwu80pj3dk/TheMyanmarsAndroid2(www.tawwinminntharlay.blogspot.com).pdf.html
အထက်ကလင့်အတိုင်းယူလိုက်ကြပါ

android ဖုန်းတွေအတွက် မြန်မာစာ

tawwinminntharlay.blogspot.com/2014/01/android-new-version.html?m=1

ပုတီးအကြောင်းသိကောင်းစရာ

http://content.public.beetalkmobile.com/878/056977/734/1447051496.html?time=1447066032&id=57194843
အထက်ပါလင့်ကိုနှိပ်ကာ မှက်သားကြပါကုန်လော့ မိတ်ဆွေတို့

Tuesday, November 10, 2015

ဘာဝနာ၄၀ပွားများဖွယ်ရာအဖြာဖြာ

ကျက်မှတ်ဆောင်ထား ပွါးများဖွယ်ရာ-
ဘာဝနာ(၄၀) အဓိပ္ပါယ် အကျဉ်း
=====================
ခန္ဓာ ၅-ပါး။ ။ခန္ဓာတို့သည်-
၁။ရူပက္ခန္ဓော=ရုပ်အစု ဟူသော ရူပက္ခန္ဓာ၎င်း၊
၂။ဝေဒနာက္ခန္ဓော=ခံစားမှုအစု ဟူသော ဝေဒနာက္ခန္ဓာ၎င်း၊
၃။သညာက္ခန္ဓော=အမှတ်ပြု၍သိမှုအစု ဟူသော သညာက္ခန္ဓာ၎င်း၊
၎။သင်္ခါရက္ခန္ဓော=စိတ်၏စေ့ဆော်မှု ဟူသော သညာက္ခန္ဓာ၎င်း၊
၅။ဝိညာဏက္ခန္ဓော=အာရုံကို ထွေထွေထူးထူးသိမှုအစု ဟူသော ဝိညာဏက္ခန္ဓာ၎င်း။
ဣမေ-ဤသည်တို့ကား။ပဉ္စက္ခန္ဓာ-ငါးပါးသော ခန္ဓာတို့တည်း။
အနိစ္စလက္ခဏာ ၁၀ ပါး
================
ဣမေ ပဉ္စက္ခန္ဓာ-ဤ ၅-ပါးသောခန္ဓာတို့သည်-
၁။အနိစ္စာ=မြဲခြင်းသဘော မရှိကုန်။
၂။အဓုဝါ=ခိုင်မာခြင်းသဘော မရှိကုန်။
၃။အသာရာ=အနှစ်သာရ မရှိကုန်။
၎။စလာ=ရွေ့ရှားတတ်ကုန်၏။
၅။ပလောကဓမ္မာ=ပျက်စီးခြင်းသဘောရှိကုန်၏။
၆။ဝိပရိဏာမ ဓမ္မာ=ဖောက်ပြန်ခြင်းသဘော ရှိကုန်၏။
၇။မရဏဓမ္မာ=သေဆုံးခြင်းသဘော ရှိကုန်၏။
၈။ဝိဘဝဓမ္မာ=ဆုံးရှုံးခြင်းသဘော ရှိကုန်၏။
၉။သင်္ခတာ=အဖန်ဖန်ပြုပြင်အပ်ကုန်၏။
၁၀။ပဘင်္ဂုနော=ဖရိုဖရဲ ပြိုကွဲခြင်းသဘော ရှိကုန်၏။
ဒုက္ခလက္ခဏာ ၂၅-ပါး
===============
ဣမေ ပဉ္စက္ခန္ဓာ-ဤ ၅-ပါးသောခန္ဓာတို့သည်-
၁။ဒုက္ခ=ယုတ်မာညစ်ဆိုး ဒုက္ခမျိုး တို့သာတည်း။
၂။ကြောက်ဖွယ်ညစ်ဆိုး ဘေးရန်မျိုး တို့သာတည်း။
၃။ဤတီ=ထိတ်လန့်စဖွယ် အန္တရာယ်မျိုး တို့သာတည်း။
၎။ဥပဒ္ဒဝါ=လွန်စွာကပ်ရပ် နှိပ်စက်တတ်သော ဥပဒ်မျိုး တို့သာတည်း။
၅။ဥပသဂ္ဂါ=တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပဒ်မျိုးတို့သာတည်း။
၆။ရောဂါ=ကျင်,နာညစ်ဆိုး ရောဂါမျိုး တို့သာတည်း။
၇။အာဗာဓာ=နှိပ်စက်ညစ်ဆိုး အနာမျိုး တို့သာတည်း။
၈။ဂဏ္ဍာ=မဖွယ်ရုပ်ဆင်း ထွတ်မြင်းအနာမျိုး တို့သာတည်း။
၉။သလ္လာ=စူးဝင်ညစ်ဆိုး မြားငြောင့်မျိုး တို့သာတည်း။
၁၀။အဃာ=အကျိုးယုတ်,အကျိုးမဲ့မျိုးသာတည်း။
၁၁။အတာဏာ=စောင့်ရှောက်မဲ့လျင်း ဘေး၏အသင်းတို့သာတည်း။
၁၂။အလေဏာ=ကွယ်ကာမဲ့လျင်း ဘေး၏အသင်းတို့သာတည်း။
၁၃။အသရဏာ=ကိုးရာမဲ့လျင်း ဘေး၏အသင်းတို့သာတည်း။
၁၄။အာဒီနဝါ=ဆိုးဝါးညစ်ကျု အပြစ်စုတို့သာတည်း။
၁၅။အဃမူလာ=ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်တို့သာတည်း။
၁၆။ဝဓကာ=လူ နတ် ဗြဟ္မာ သတ္တဝါကို နာရီမလပ် အတွင်းသတ်သည့် သူသတ်မျိုးရိုးသာတည်း။
၁၇။သာသဝါ=အာသဝေါတရား လေးပါးတို့၏ အစီးအပွါးတို့သာတည်း။
၁၈။မာရာမိသာ=ကိလေသာမာရ်,မစ္စုမာရ်တို့၏ စားဖတ် ဝါးဖတ် သုံးသပ် နင်းနယ်ရာတို့သာတည်း။
၁၉။ဇာတိဓမ္မာ=သတ္တဝါကို မညှာမငဲ့ အရွဲ့အစောင်း မကောင်းဆိုးညစ် ဖြစ်ချင်တိုင်းဖြစ်တတ်သော သဘောရှိကုန်၏။
၂၀။ဇရာ ဓမ္မာ=ဆုတ်ယုတ်လျော့ပါးခြင်း သဘောရှိကုန်၏။
၂၁။ဗျာဓိ ဓမ္မာ=နာခြင်းသဘော ရှိကုန်၏။
၂၂။သောကဓမ္မာ=စိုးရိမ်ပူပန်ရခြင်းသဘောရှိကုန်၏။
၂၃။ပရိဒေဝ ဓမ္မာ=ငိုကြွေးမြည်တမ်းရခြင်း သဘောရှိကုန်၏။
၂၄။ဥပါယာသ ဓမ္မာ=သက်ကြီးရှိုက်ငင် ပင်ပန်းရခြင်းသဘောရှိကုန်၏။
၂၅။သံကိလေသိက ဓမ္မာ=တဏှာ,ဒိဋ္ဌိ ဒုစ္စရိတတည်းဟူသော ညစ်နွမ်းခြင်းသုံးပါးကို ပွါးစီးစေတတ်သော သဘောရှိကုန်၏။
အနတ္တလက္ခဏာ ၅-ပါး
================
ဣမေ ပဉ္စက္ခန္ဓာ-ဤ ၅ ပါးသောခန္ဓာတို့သည်-
၁။အနတ္တာ=ကိုယ် မဟုတ်ကုန်.အစိုးမရကုန်.အလိုသို့မလိုက်ကုန်။
၂။ပရေ=အကွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပတို့သာတည်း။
၃။ရိတ္တာ=အနှစ်သာရ ဟူသမျှနှင့် မြူစ မယှဉ် အစဉ်ဆိတ်ကင်းသောတရားတို့သာတည်း။
၎။တုစ္ဆာ=ကောင်းမြတ်ချမ်းသာ မင်္ဂလာသုခ ဟူသမျှနှင့် မြူစမနီး အချည်းနှီးသော တရားတို့သာတည်း။
၅။သုညာ=ထောက်ရာ တည်ရာ ကိုးကွယ်ရာမျိုး တစိုးတစိ မရှိလုံးလုံး အသုံးမကျသော တရားတို့သာတည်း။
လယ်တီဆရာတော်

Monday, November 9, 2015

မိုးကုတ်မြို့ရဲ့အလှတရားလေးတွေပါ



စူဠဓမ္မပါလဇာတ်

ဇာတ်တော် - ၅၅၀ နှင့် ဓမ္မပဒ
ပဉ္စကနိပါတ်၊ မဏိကုဏ္ဍလဝဂ်
စူဠဓမ္မပါလဇာတ်
နတ်နှင့်တကွသော လောကကို ဆုံမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရား သည် "အဟမေဝ ဒူသိယာ ဘူနဟတာ" အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင် အပ်သော ဤစူဠဓမ္မပါလဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဒေဝဒတ်သည် သဗ္ဗညုမြတ်စွာဘုရားအား သတ်အံ့သောငှါ လုံးလပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။
ထိုအခါ ရဟန်းတို့သည် တစ်နေ့သ၌ တရားသဘင်ဝယ် 'ငါ့ရှင်တို့ ဒေဝဒတ် သည် ဘုရားအား သတ်အံ့သောငှါ လုံးလပြု၏။ လေးသမားတို့ကို စေ၏၊ ကျောက် ကို လိမ့်၏၊ နာဠာဂိရိဆင်ကို လွှတ်၏'ဟု စကားကို ပြောဆိုကြကုန်၏။သဗ္ဗညု မြတ်စွာဘုရား လာသောအခါ "ရဟန်းတို့ အဘယ်စကားဖြင့် စည်းဝေးကုန် သနည်း'ဟု မေးတော်မူ၍ ' ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏'ဟု လျှောက်ထားလေသည်။ "ရဟန်းတို့ ဒေဝဒတ်သည် ယခု အခါ၌သာလျှင် ငါ့အား သတ်အံ့သောငှါ လုံးလပြုသည်မဟုတ်သေး။ ရှေး၌လည်း လုံးလပြုဖူး၏။ ယခု အခါ၌ကား ထိတ်လန့်ခြင်းမျှ ကိုလည်း ပြုခြင်းငှါ မတတ်နိုင်။ ရှေးစူဠဓမ္မပါလ မင်းသား ဖြစ်သောကာလ၌ မိမိသားဖြစ်သော ငါ့ကိုအသက်ကုန်ခြင်းသို့ ရောက် စေ၍ သန်လျက်ပန်းပြုဖူး၏"ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ မဟာပဘာပမည်သော မင်းသည် မင်းပြု၏။ ဘုရားလောင်းသည် ထိုမင်း၏ စန္ဒာဒေဝီအမည်ရှိသော မိဘုရားကြီးဝမ်း ၌ ဖြစ်၏။ ဓမ္မပါလဟူသော အမည်ကို မှည့်၏။ ထိုဓမ္မ ပါလမင်းသားကို ၇လရှိ သော ကာလ၌ မယ်တော်သည် နံ့သာရေဖြင့် ရေချိုး၍ ကစားစေလျက် နေ၏။ မင်းသည် မိဘုရားနေရာအရပ်သို့ သွား၏။ မိဘုရားသည် သားကို ကစားစေလျက် သား၌ချစ်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ မင်းကို မြင်၍လည်း နေရာမှမထ။ မင်းသည် 'မိဘုရားကား ယခုကပင်လျှင် သားကိုမှီ၍ မာနကိုပြု၏။ ငါ့ကို တစ်စုံတစ်ခုမျှ မမှတ်။ သားကြီး သည်ရှိသော် ငါ့ကို လူဟူသော အမှတ်ကိုမျှ မပြုလတ္တံ့။ ယခု ပင်လျှင် ထိုမင်းသားကို သတ်အံ့' ဟု ကြံစည်၍ မင်း၏နေရာ၌နေ၍ မိမိ အစီအရင် ဖြင့် ငါ့ထံသို့လာစေဟု သူသတ်ကို ခေါ်စေ၏။
သူသတ်သည် ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ဆင်လျက် နီသောပန်း ကိုပန် ၍ ပုဆိန်ကို ပခုံး၌ထားကာ စဉ်းနှီတုံးကိုယူဆောင်လျက် မင်းကြီးထံသို့လာ၍ ရှိခိုးကာ 'အရှင်မင်းကြီး အဘယ်အမှုကို ပြုရအံ့နည်း'ဟုလျှောက်၏။ 'အချင်း အသေရေရှိသော အိပ်ရာတိုက် ခန်းသို့သွား၍ ဓမ္မပါလသတို့သားကို ဆောင်ယူခဲ့ လော့'ဟု အမိန့် ပေးလေ၏။
မိဘုရားကြီးလည်း မင်းကြီး အမျက်ထွက်၍ ပြန်သွားသော အဖြစ်ကိုသိ၍ ဓမ္မပါလသတို့သားကို ရင်ခွင်၌ထားကာ ငိုလျက်နေ၏။ သူသတ် သမားလည်း သွား၍ မိဘုရားကြီးကျောကိုပုတ်ခတ်လျက် ဓမ္မပါလ သတို့သားကို ယူပြီးလျှင် မင်းကြီးထံသွားကာ အရှင်မင်း ကြီး အဘယ်သို့ပြုအံ့နည်း လျှောက်ပြန်၏။ အချင်း ပျဉ်တချပ် ကိုယူဆောင်ကာ ရှေ့မှာချပြီးလျှင် ဓမ္မပါလကို အိပ်စေလော့ အမိန့် ပေးပြန်သည်။ သူသတ်သမားလည်း မင်းကြီးအမိန့်ပေးတိုင်း ပြုလေ၏။ စန္ဒာဒေဝီ မိဖုရားကြီးလည်း နောက်မှ ငိုလျက်လိုက်လာ၏
တဖန် သူသတ်သမားသည် အရှင်မင်းကြီး အဘယ်သို့ပြုရမည်နည်း ဟု လျှောက်ပြန်၏။ အချင်း ဓမ္မပါလ၏ လက်တို့ကို ဖြတ်လော့ဟု အမိန့်ပေးပြန်၏။ စန္ဒာမိဘုရားကြီးသည် အရှင်မင်းကြီး ၇လသာ ရှိသေးသော အကျွန်ုပ်၏သားငယ် ကလေးသည် တစုံတခု ကိုမျှ မသိပါ။ သားငယ်ကလေးမှာ အပြစ်မရှိပါ၊ အပြစ် ဖြစ်လျှင် အကျွန်ုပ်၌သာ ဖြစ်ရာ၏။ ထို့ကြောင့် အကျွန်ုပ်၏ လက်တို့ကိုဖြတ်ပါဟု မင်းကြီးအား လျှောက်ထားပြန်သည်။ မင်းကြီးလည်း သူသတ်ကိုကြည့်၏။
ထိုအခါသူသတ်သမားသည် အရှင်မင်းကြီး ဘယ်လိုပြုရမည်နည်း ဟု လျှောက်၏။ အချင်း မကြာမြင့်စေလင့်၊ လက်တို့ကိုဖြတ်လော့ ဟု အမိန့်ပေး ပြန်၏။ ထိုခဏ၌ သူသတ်သမားသည် ထက်လှစွာသော ပုဆိန်ဖြင့် နုလှစွာ သောဝါးညှောက်ကို ဖြတ်သကဲ့ သို့ ဓမ္မပါလ၏ လက်တို့ကို ဖြတ်လေ၏။ မင်းသားသည် မျက်ရည်မယို မငိုကြွေးဘဲ လျှင် ခန္တီမေတ္တာကို ရှေ့ထားပြီး သည်းခံ၏။
စန္ဒာဒေဝီမိဖုရားကြီးကား ပြတ်သောလက်စွန်းတို့ကို ယူ၍ ခါးပိုက်တွင်ထည့် ကာ သွေးလိမ်းကျန်လျက် ငိုကြွေးကာနေ၏။ တဖန်သူသတ်သမားသည် အရှင် မင်းကြီး အဘယ်သို့ ပြုရအံ့နည်းဟု လျှောက်ပြန်၏။ အချင်း ခြေနှစ်ဖက်ကို ဖြတ်လော့ဟု အမိန့်ပေးပြန်၏။ ထိုအခါ စန္ဒာဒေဝီမိဖုရားကြီးသည် အရှင်မင်းကြီး အကျွန်ုပ်သာလျှင် အရှင်မင်းကြီး၏ အပြစ်ကို ပြုပါသည်၊ အကျိုး စီးပွားကို ဖျက် ဆီးပါ၏။ ဤဓမ္မ ပါလကို လွှတ်ပါ၊ အကျွန်ုပ်၏ ခြေတို့ ကိုဖြတ်ပါလော့ဟုလျှောက် ထားပြန်၏။ မင်းကြီးလည်း တဖန်သူသတ်ကိုစေခိုင်းပြန်၏။ သူသတ်သည် ခြေနှစ်ဖက်တို့ကိုလည်း ဖြတ်ပြန်၏။
စန္ဒာဒေဝီမိဖုရားကြီးသည် ခြေပြတ်တို့ကိုကောက်ကာ ခါးပိုက်၌ ထည့်ပြီးလျှင် ငိုကြွေးလျက် အရှင်မင်းကြီး လက်ခြေ မရှိသော သားကို အမိလုပ်ကျွေးရပါ၏။ အကျွန်ုပ်လုပ်ကျွေးပါမည်၊ သားကို အကျွန်ုပ်အား ပေးပါဟု လျှောက်ထားပြန်၏။ သူသတ်လည်း အရှင်မင်းကြီး အကျွန်ုပ် ကိစ္စပြီးပြီလောဟု လျှောက် ထားပြန်၏။ အချင်း မပြီးသေးဟု ပြောပြန်၏။ အရှင်မင်းကြီး အဘယ် သို့ ပြုရမည်နည်းဟု လျှောက်သောအခါ အချင်း ဓမ္မပါလ၏ဦးခေါင်း ကို ဖြတ်လော့ဟု အမိန့်ပေးပြန်၏။ ထိုစကားကြားလျှင် စန္ဒာဒေဝီ မိဖုရာကြီးသည် အရှင်မင်းကြီး အကျွန်ုပ်သာလျှင် အရှင်မင်း ကြီး၏ အပြစ်ကို ပြုပါသည်၊ အကျိုးစီးပွားကို ဖျက်ဆီးပါ၏။ ဤဓမ္မပါလ ကို လွှတ်ပါ၊ အကျွန်ုပ်၏ ဦးခေါင်းကိုဖြတ်ပါလော့ဟု လျှောက်ထားပြန်၍ မိမိ ဦးခေါင်းကိုစင်း၍ ခံလေ၏။ သူသတ်လည်း ဓမ္မပါလ၏ ဦးခေါင်းကို ဖြတ်ပြန်၏။
စန္ဒာဒေဝီမိဖုရားကြီးသည် ပြတ်သောဦးခေါင်းကိုကောက်ယူကာ ခါးပိုက်တွင် ထည့်ပြန်၏။ တဖန် သူသတ်သည် အရှင်မင်းကြီး အဘယ် သို့ ပြုရမည်နည်းဟု လျှောက်ပြန်၏။ အချင်း သန်လျက်သွားဖြင့် ဓမ္မပါလကို ခံ၍ သန်လျက်ပန်းမည် သည်ကို ပြုလော့ဟု အမိန့်ပေး ပြန်၏။ သူသတ်လည်း ဓမ္မပါလကို ကောင်းကင် သို့ ပစ်၍ သန်လျက် သွားဖြင့် အောက်ကခံကာ သန်လျက်ပန်းမည်သည်ကို ပြုလေ၏။ အသွေး အသားတို့သည် ပြသာဒ်အပြင်ဝယ် ဖရိုဖရဲကြဲ၍ကျလေ၏။
စန္ဒာဒေဝီမိဖုရားကြီးလည်း ဓမ္မပါလ၏ အသားတို့ကို ကောက်ယူ၍ ခါးပိုက် တွင် ထည့်ကာ ပြသာဒ်အပြင်၌ ငိုကြွေးမြည်တမ်းလျက်
အချင်းတို့ အကျွန်ုပ်တို့မင်းကြီးကို အရှင်မင်းကြီး၏ ရင်သွေးဖြစ်သော သား တော်ကလေးကို မသတ်ပါလင့်ဟု ပြောဆို တားမြစ်ကြမည့် စိတ်နှလုံးနူးညံ့၍ အဆွေခင်ပွန်းဖြစ်သော အမတ်ကြီးတို့ မရှိကြကုန် တကား
အချင်းတို့ အကျွန်ုပ်တို့မင်းကြီးကို အရှင်မင်းကြီး၏ ရင်သွေးဖြစ်သော သား တော်ကလေးကို မသတ်ပါလင့်ဟု ပြောဆို တား မြစ်ကြမည့် စိတ်နှလုံးနူးညံ့သော ဆွေမျိုးဉာတိတို့ မရှိကြ ကုန် တကားဟု ဟစ်အော်လျက် ငိုကြွေးမည်တမ်းကာ လက်နှစ်ဘက် တို့ဖြင့် ရင်သားကိုမလျက် အရှင်မင်းကြီး ထီးမွေ နန်းမွေခံဖြစ် သော ဓမ္မပါလသတို့သားကလေး၏ စန္ဒကူးနှစ်တို့ဖြင့် လိမ်းကျံ အပ်ကုန်သော လက်မောင်းနှစ်ဘက်တို့သည် မြေ၌ပြတ်ကုန်၏။ အရှင်မင်း ကြီး အကျွန်ုပ်၏ အသက်တို့သည် ကျင်နာလှကုန်၏ဟုငိုကြွေးမြည် တမ်းစဉ်ပင် စန္ဒာဒေဝီ မိဖုရားကြီး၏ နှလုံးသည် မီးလောင်သော ဝါးဝယ် ဝါးကွဲသကဲ့သို့ ဖျန်းဖျန်းကွဲကာသေဆုံးလေ၏။ မင်းကြီး သည် ပြသာဒ်အပြင်မှ မြေသို့ကျလေ၏။ မြေကြီး လည်း မဟာပတာပမင်း ကြီး၏ ကျေးဇူးမဲ့ကို ရွက်ဆောင်ထားရန် မတတ်နိုင်တော့သဖြင့် နှစ်ဖြာကွဲ၍ ဟင်းလင်းဖြစ်လေ၏
ထိုအခါ အဝီစိငရဲကြီးမှ မီးတောက်မီးလျှံ တက်လာပြီးလျှင် ကမ္ဗလာနီခြုံ သကဲ့သို့ မဟာပတာပမင်းကြီးကိုယူ၍ အဝီစိငရဲကြီး ၌ ပစ်ချလေ၏။
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ် ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုကို အနုသန္ဓေ ဆက်စပ်တော်မူလျက
ရဟန်းတို့
❀ ထိုအခါ မဟာပတာပမင်းသည် ယခုအခါဒေဝဒတ်
❀ စန္ဒာဒေဝီမိဖုရားကြီးသည် မဟာဇာပတိဂေါတမီ
❀ ဓမ္မပါလမင်းသားသည် ငါဘုရားဖြစ်လာပြီဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ရသေ့ကြီးဦးခန္တီရဲ့ငွေဖြစ်ဂါကိုပြန်လည်မျှဝေပါတယ် သူဌေးဖြစ်လိုသူများဆောင်ထားသင့်ပါတယ်

ရသေ့ကြီးဦးခန္တီရွှေဖြစ်ငွေဖြစ်ဂါထာတော်
အရဟံ ဗဟိအန္တဇယံ သုဂတံ ၊ အ မိတံ ၀ိ ရဇံ
လ လိတံ အတုလံ စရဏံ တိ ဘ၀ူပသမံ ယမကံ
သုခ ဒံ သရဏံ ပ နမာမိဇိနံ ။..........
၇သေ့ကြီးဦးခန္တီသည် မြန်မာသက္ကရာဇ် ၁၂၂၉ ခုနှစ်ဝါခေါင်လပြည့်ကျော် ၅ ၇က်နေ့၊တနင်္လာနေ့တွင်မွေးဖွားခဲ့သည်....ငယ်နာမည်မှာ... မောင်စိုးမင်းဖြစ်၍ ဖခင်ဦးေ၇ွှလှနှင့် မိခင်ဒေါ်ခိုဥတို့မှ သိမ်ကုန်း၇ွာ၌မွေးဖွားခဲ့သည်။.....၉နှစ်သားအ၇ွယ်တွင် လောကီလောကုတ္တရာပညာဘက်တွင်ကြွယ်ဝသော သိမ်ကုန်းတိုက်ဆရာတော်ဘု၇ားထံအပ်နှံ့၍ ပညာသင်ကြားခဲ့လေသည်။ အသက် ၁၃ နှစ်သားအ၇ွယ်၌းသိမ်ကုန်းဆ၇ာတော်ကို ဥပဇ္ဈာယ် ပြု၍ သာမဏေရပဗ္ဗဇ္ဇချီးမြင့်ခဲ့၇ာ ရှင်ခန္တီ ဟူသောဘွဲ့တော်အမည်ပေးခဲ့သည်။
၁၂၆၁ခုနှစ်တွင်၇ဟန်းအဖြစ်မှတောမြိုင်မှီး ရသေ့မြတ်အသွင်သို့ပြောင်းခဲ့သည်။
၇သေ့ကြီးဦခန္ဒီ သည်မြန်မာပြည်အနှံအပြားတွင်ရှိသည့် သာသနိကအဆောက်ဦများအားဆောက်လုပ်ခဲ့၇ာမှာေ၇ွှ၊ငွေ၊သတ္တုများကိုသုံးခဲ့၇ပါသည်.....ဗြိတိသျှအစိုး၇က ၇သေ့ကြီးဦခန္ဒီ ၌ေ၇ွှဖြစ်၊ငွေဖြစ်လုပ်နည်းရှိ၊မရှိစုံစမ်းထောက်လှမ်းခဲ့ပါသည်။ မျက်နာဖြူစုံထောက်မစ္စတာဖီးလစ်သည် ၇သေ့ကြီးထံရွှေဖြစ်၊ ငွေဖြစ်လုပ်ငန်း၌အသုံးပြုသော ပစ္စည်းကိရိယာများကိုသက်သေခံအဖြ စ်ပေးရန်တောင်းဆိုခဲ့ပါသည်.....သက်သေခံ ပစ္စည်း ကတော့ အပေါ်ကကျွန်တော်ဖော်ပြတဲ့ဂါထာပါပဲ........
၇သေ့ကြီးဦးခန္တီသည် ဘုရားကျောင်းကန်တည်ဆောက်ခဲ့သည်မှာ
၁...စေတီပေါင်း ၇၄၉ဆူ
၂...၇ုပ်ပွားတော်ကြီး၁၅ဆူ
၃....၇ဟန္တာပေါင်း.၁၅ဆူ
၎...စက်တော်၇ာ၁ဆူ
၅...အာ၇ုံခံဇ၇ပ်တန်ဆောင်းပေါင်း..၆၆.ခု
၆..သံဃိကကျောင်းပေါင်း၃၄ခု
၇...ခေါင်းလောင်းကြီး၂လုံး
၈...ကျောက်ဂူကြီး၁ခု
၉...ဆွမ်းတင်ပလ္လင် ၄ ခု
၁၀..နဂါး ၇ုပ်နှင့်တကွအ၇ုပ်ထုပေါင်း ၇ ခု
၁၁...ေ၇ကန်ကြီး ၂ ခု
၁၂...ရေတွင်းပေါင်း..၇ခု
၁၃...စောင်းတန်းကြီး၁ခုပါ....ယခင်ကာလတန်ဖိုး... သိန်း၅သောင်းကျော်လောက်ရှိပါတယ်
၇သေ့ကြီးဦးခန္တီ....သည်ပါရမီရှင်ပုဂ္ဂိုလ်ထူး တစ်ယောက်ဖြစ်ကြောင်းကိုကောင်းကောင်းကြီး သိနိုင်စရာအကြောင်းအရာတို့ကိုဖော်ပြ၇မည်ဆိုပါက
၁..မျက်နှာတော်တွင် နဖူးပြင်က ဆင်ဦးကင်းကဲ့သို့ပုံသဏ္ဍာန်ရှိခြင်း
၂....လည်ပင်းတွင် လည်၇စ် ၃ တန်ရှိခြင်း
၃...လက်ရင်းမှာ ကြာဖိုကြာမပါရှိခြင်း
၎...လက္ခဏာ တွင်ငါးကြင်းပုံတော်ပေါ်နေခြင်း
၅...ငါးကြင်းဗိုက်အောက်က ပစောက်ပေါ်နေခြင်း
၆...လက်ရင်းတွင်အရစ်၁၉ ၇စ်ရှိခြင်း
၇...ခြေသလုံးတွင်မြွေသဏ္ဍာန်မြွေမျက်လုံးနှစ်လုံးရှိခြင်း၊ အဆင်းအတက်ခေါ်သည်
၈...ခြေဖ၀ါး တွင် ၈မျက်နှာကြက်ခြေပါရှိခြင်း
၉....ဒူးတွင်ဆင်ဦးနှာမောင်းသာအကြောင်းနှင့် ပျော့ပျောင်းရှည်လျားစွာရှိခြင်း
၁၀....လက်ဖ၀ါးတွင်စကားဝါအပွင့်ပါရှိခြင်း
ဤဖော်ပြပါထူးဆန်းသောလက္ခဏာကမ္မ၇ုပ်များ ထင်ရှားစွာပါရှိသောပုဂ္ဂိုလ်ထူးတစ်ယောက်ဖြစ်သည် ဟုသိမှတ်၇ပါမည်။.....
၇သေ့ကြီးဦးခန္တီ ဆုတောင်းကြီး
၁....တိသရဏာ မြတ်သုံးဖြာကို ခန္ဓာဇီဝ တည်သမျှပင် နိစ္စ မကွာ ကိုးကွယ်ပါ
၂....ဒသသီလာမြတ်ဆယ်ဖြာကိုဆောက်တည်ပါ၏
၃....ဒါနကောင်းမူပြုပါ၏။မေတ္တာဘာဝနာပွားများပါ၏။သီးခံပါ၏
၎....ဤသစ္စာစကားမှန်ကန်သောကြောင့် ၉၆ပါးကိုယ်ဝယ်မရောက်လွင့်ပျောက်ကင်းငြိမ်းခပ်သိမ်းဘေးဒဏ်
၇န်မာန်အပေါင်းမကောင်းသမျှအနိဋ္ဌနှင့် အမင်္ဂလာဝေစွာ ရှောင်ကွင်း ကောင်းခြင်းမင်္ဂလာဇေယျာတိုးတက်
ဘုန်းကျက်သရေတင့်ဆန်းပွင့်လန်း၇ပါစေသော်
၅....အငိုအ၇ီဖျားနာဒုက္ခဖြစ်ကြလူဟူသမျှ ငါ၏နှုတ်က ပျောက်ကင်း ချမ်းသာစေ ....ဆိုပချေက ခဏလျှင်ဆော
ပျောက်ကင်းစေသော်
၆....ေ၇ွှ၊ငွေ ကျောက်သံ၇ုပ်နာမ်တည်ထား ဒန်ပြဒါးသွတ်ဂျွတ်၊စိန်၊ ဆေးဒါန်း၊ ခဲယမ်းဒုတ္တာဓာတ်များစွာလည်း... ညိုပြာနီထွေဆေးတကာဓာတ်တကာနှင့်ပြုလုပ်က သိဒ္ဓိ ဆယ်တန်အမှန်အပြီးဖြစ်စေသတည်း။
၇....ဇမ္ဗူမြေပြင်မြင်မြင်သမျှပင် ၇ုက္ခတို့တိကာဖလာများမြောင်စွာကို ငါ၏လက်နှင့်ကိုင်ကာထိကဆေးအတိပဲ အမြဲမှန်စွာလုပ်ကိုင်ရာသို့ပါစေသော်။
၈....ဥုံဗုဒ္ဓံ ဓမ္မံသံဃံ စသားတန်ခိုးတေဇော် အာနုဘော်အားကြောင့်ကြံစည် ပြောဆိုပြုလုပ်သမျှပြီးစီး ထမြောက်အောင်ဒေ၀ဒေ၀ါနတ်ဝိဇ္ဇာတို့ ကူညီမှိုင်းမ ဖြည့်စွမ်းတော်မူကြစေကုန်သတည်း။
၉...အဝေးအနီး ခရီးဒေသသွားက မကွာစိတ်ပါ ကိုယ်ေ၇ာက်ထက်အောပ်တွင်းပြင်တွင်းထွက်ဝင်လူးလာ... နာနာ၇ူပနိကာယ်အသွယ်သွယ်ကို ၇ွတ်ဆိုတိုင်းပြီးစေသော်.....ဆုတောင်းပြီး၏....
၇သေ့ကြီးသည် မရဏာနုသာတိပွားများ၇င်း၁၃၁၀ပြည့်နှစ် ပြာသိုလပြည့်ကျော်၁၄၇က် ဗုဒ္ဓဟူး နေ့ညနေဘက်သက်တော်၈၂ နှစ်အ၇ွယ်တွင် ထွက်၇ပ်မြန်းတော်မူခဲ့သည်

Sunday, November 8, 2015

မင်္ဂလာပါ

မင်္ဂလာပါ ကျွန်တော့်ရဲ့ဆိုက်ကို အလည်လာသူများ မင်္ဂလာပါလို ပထမဦးဆုံးနှုတ်ခွန်းဆက်သပါတယ်ခင်ဗျ